တက်ဘုန်းကြီး သိန်းဖေ (သိန်းဖေမြင့်)
တက်ဘုန်းကြီး သိန်းဖေ (သိန်းဖေမြင့်)
နိဒါန်း
၊ ၊ တနေ့သ၌၊ အရှင်အာဒိစ္စဝံသ ကျောင်းတိုက်သို့၊ ဤမည်သော တက်ဘုန်းကြီး ဝထ္ထုကို ပြုစုရေးသားသဖြင့်၊ တက်ဘုန်းကြီး သိန်းဖေ ဟု ထင်ရှားခဲ့သော တကာ သိန်းဖေမြင့်သည် မမျှော်လင့်ဘဲ အခွင့်သင့် သဖြင့် ရောက်လာလေ၏။ သိန်းဖေမြင့်သည် အရှင်အာဒိစ္စဝံသ ကျောင်းတိုက် ၌၊ သီတင်းသုံးခိုက် ဖြစ်သော (သူနှင့် ဆရာ တပည့်ဖြစ် သည့်) တောင်တွင်းကြီးဆရာတော် အရှင်ဥက္ကဌထံ ဖူးမျှော်ရန် လာခြင်း ဖြစ်သောဟူ၏။
***********************************
"တကာသိန်းဖေ ..."
"ဘုရား ..."
"တက်ဘုန်းကြီး ဝထ္ထု ထပ်မထုတ်ဘူးလား..."
"တပည့်တော် ထပ်ထုတ်ဘို့ သိပ်စိတ်မဝင်စားပါ ဘုရား"
"အို ... ဘာ့ကြောင့်လဲ တကာလေးရဲ့"
"တပည့်တော်က နိုင်ငံရေး ကိစ္စ၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကိစ္စ၊ စာပေ ကိစ္စ တွေမှာသာ စူးစိုက်လုပ်ပါတော့တယ် ... ဘာသာရေး ကိစ္စမှာ ဝင်မပါချင်တော့ပါဘူး ဘုရား"
အပြည့်ဆက်ဖတ်မည်