မြန်မာတို့ ဆုံဆည်းရာ
"မြန်မာတို့ ဆုံဆည်းရာ ဖိုရမ်"သို့ လာရောက်လည်ပတ်ပေးခြင်းကို ၀မ်းမြောက်မိပါသည်။
မြန်မာတို့ ဆုံဆည်းရာ
"မြန်မာတို့ ဆုံဆည်းရာ ဖိုရမ်"သို့ လာရောက်လည်ပတ်ပေးခြင်းကို ၀မ်းမြောက်မိပါသည်။
မြန်မာတို့ ဆုံဆည်းရာ
Would you like to react to this message? Create an account in a few clicks or log in to continue.


မြန်မာတို့ အားလုံးဆုံဆည်းနိုင်ဖို့ ဒီဖိုရမ်လေးကို ပြုလုပ်ထားရခြင်းဖြစ်ပါတယ်..
 
HomeLatest imagesSearchRegisterLog in
ကျွန်တော်တို့ ဒီဆိုက် https://mmfp.forumotion.com ကို ၀င်ရောက်သော Guest အား နွေးထွေးစွာနဲ့ ကြိုဆိုပါတယ်ဗျာ.....

Share | 
 

 အဆောက်အဦပျက်ကြားမှ စကားပြောခြင်း

View previous topic View next topic Go down 
AuthorMessage
manawphyulay
manawphyulay

လေ့လာစလူငယ်(level 5)

လေ့လာစလူငယ်(level 5)


ကျား/မ : Female
ရေးသားချက် : 23
ဖိုရမ်ရမှတ် : 4734
ရေးသားချက်သဘောကျ ခံရမှု : 0
မှတ်ပုံတင်သောနေ့ : 2011-08-05

အဆောက်အဦပျက်ကြားမှ စကားပြောခြင်း _
PostSubject: အဆောက်အဦပျက်ကြားမှ စကားပြောခြင်း   အဆောက်အဦပျက်ကြားမှ စကားပြောခြင်း I_icon_minitimeFri Aug 05, 2011 11:23 am

အေးချမ်းတည်ငြိမ်နေတဲ့
ကျွန်မတို့ရဲ့ဝန်းကျင်မှာ
ရှင်ဟာ ရှင့်ရဲ့အရိုင်းအစိုင်းဒေါသတွေနဲ့အတူ
ရောက်ရှိလာခဲ့တယ်နော်...
ရှင့်မို့ လုပ်ရက်တယ် နာဂစ်ရယ်

သစ်ပင်ပန်းမန်တွေနဲ့
စည်ကားနေတဲ့
ကျွန်မတို့နေရာကို
လိုက်လံနှောင့်ယှက်ခဲ့တယ်နော်။

နာဂစ်ဆိုတဲ့ လေမုန်တိုင်း
လေမုန်တိုင်းကို ဟန့်တားထားတဲ့
တင့်တောင့်တင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင် ဆုတ်ဖြဲပစ်လိုက်တယ်
မယုံကြည်နိုင်ခဲ့ဘူး။

အခုတော့...
စည်းစနစ်ကျနမှုနံရံ
ပြိုလဲ့ခဲ့ရပြီ။

ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအတွေ အာလို့
မြင်မကောင်းတဲ့ မြင်ကွင်းတွေနဲ့အတူ
ရှင် ဖန်တီးခဲ့တယ်။

ရှင့်ကြောင့်
အပြစ်မဲ့သူတွေ သေကြေခဲ့ကြတာ
ခုတော့...
အများသူငါ လေတိုက်မှာတောင်
ကြောက်နေကြတဲ့ဘ၀မျိုးရောက်အောင်
ဖန်တီးခဲ့တဲ့ ရှင့်ကို အပြစ်ဖို့လို့နေရုံမှတစ်ပါး
အခြားမရှိတော့ပြီပေါ့...

ဝန်းကျင်တကာမှာ
အပိုင်းပိုင်း အပြတ်ပြတ်နဲ့
သစ်ပင်တွေ ပြိုလဲနေပြီး
အိမ်တွေ ပျက်စီးနေတဲ့
မြင်ကွင်းမျိုးကို
ကျွန်မရှေ့မှာ
ဘောင်ခတ်ပစ်ချင်ပြီ

ခု...
အရာအားလုံးဟာ
အော့နှလုံးနာစရာဖြစ်ခဲ့ရပြီ
ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
'ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့
ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ...

ရေးသားသူ - မနောဖြူလေး
Back to top Go down
http://www.manawphyu.net
lkaunglay


အုပ်ချူပ်ရေးမှူး

အုပ်ချူပ်ရေးမှူး


ကျား/မ : Male
ရေးသားချက် : 82
ဖိုရမ်ရမှတ် : 5221
ရေးသားချက်သဘောကျ ခံရမှု : 19
မှတ်ပုံတင်သောနေ့ : 2010-07-07
အသက် : 32
နေထိုင်ရာနေရာ : ကျောက်မဲမြို့တော်

အဆောက်အဦပျက်ကြားမှ စကားပြောခြင်း _
PostSubject: Re: အဆောက်အဦပျက်ကြားမှ စကားပြောခြင်း   အဆောက်အဦပျက်ကြားမှ စကားပြောခြင်း I_icon_minitimeSat Oct 01, 2011 5:17 pm

ကောင်းပါတယ်ဗျာ ဖွဲ့နွဲ့ထားတာလေးတွေကတော့ နောက်လည်း ဒီထက်မက ဆက်လက်ရေးသားနိုင်ပါစေဗျာ
Back to top Go down
http://kyaukmethar.co.cc
 

အဆောက်အဦပျက်ကြားမှ စကားပြောခြင်း

View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
မြန်မာတို့ ဆုံဆည်းရာ :: ရင်ထဲက စာပေများ :: ကဗျာကဏ္ဍ :: ကိုယ်တိုင်ရေးကဗျာများ-
Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com