အိပ်စက်ခြင်းမှာ
အိပ်မက်ခါးခါးတွေနဲ့
ရင်းနှီးကျွမ်းဝင်ခဲ့သလို
လက်တွေ့ဘ၀မှာလဲ
ငါ့ဘ၀က မချောမွေ့ခဲ့ပါဘူး
ပျော့တိပျော့ဖတ်မျှော်လင့်ခြင်းတွေနဲ့
ရှေ့ကိုဆက်လျှောက်ရင်း
မနက်တိုင်းအတွက်
အသတ်ဆက်ဖို့ ကြိုးစား
အသွင်မျိုးစုံနဲ့လူတွေကြားမှာ
စိတ်ဓာတ်မျိုးစုံကိုဆက်ဆံလာခဲ့တာ
မုသားတွေနဲ့ရင်းနှီးကျွမ်းဝင်ခဲ့သလို
စက္ကူတစ်ရွက်အတွက်
လှည့်စားသူတွေလဲမနည်းပါဘူး
ဟန်ဆောင်မှုတွေ
အထင်သေးစွာကြည့်တက်တဲ့မျက်လုံးတွေကို
ရွံမုန်းခဲ့တာအမှန်ပဲ
အားလုံးနောက်ကိုတစ်ချက်လှည့်ကြည့်မိရဲ့လား
ပြိုလိုက်နေတဲ့သက်တမ်းတွေကိုပေါ့
သေချာတာတခုက
ဘာတွေလုပ်လုပ် အားလုံးနဲ့လက်တကမ်းအကွာက
သေခြင်းတရားကိုတော့
လှည့်စားလို့ရမယ်မထင်လိုက်နဲ့ ….။