ဒီနေရာလေးမှာ css အကြောင်းကို သိသလောက်ရေးသွားမှာဖြစ်ပါတယ်။
ဒီနေရာက ရေးတဲ့အကြောင်းအရာအားလုံး w3schools ကဖြစ်ပါတယ်။
တတ်နိုင်သလောက်ဘာသာပြန်ပြီး ကိုယ်နားလည်သလို ရေးထားတာပါ။ပညာရှင်မဟုတ်လို့
အမှားပါရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ။
ဘာတွေကြိုသိထားဖို့လိုပါသလဲ။
Css ကို မလေ့လာခင်မှာ Html နဲ့ Xhtml ကို အခြေခံလောက်သိခဲ့ဖို့လိုအပ်ပါတယ်။
တကယ်လို့ html ကို မသိသေးဘူးဆိုရင် w3schools မှာလေ့လာနိုင်သလို့
ကိုစေတန်ဂေါ့ရေးသားတဲ့ html မြန်မာလိုစာအုပ်ကို ဖတ်သင့်ပါတယ်။
ကျွန်တော့အနေနဲ့ကတော့ ကိုစေတန်ရေးတဲ့ html စာအုပ်
- Code:
-
http://saturngod-book.googlecode.com/svn/trunk/HTML/
ကိုသာညွှန်းပါရစေခင်ဗျာ။
အဲဒိစာအုပ်က ကျွန်တော်ဒီလောက ထဲကို ၀င်ရောက်ဖို့ အတွက် ပထမဆုံးလှေကားထစ်ဖြစ်ခဲ့ဖူးလို့ပါ။
Css ဆိုတာဘာလဲ ?
* Css ဆိုတာ Cascading Style Sheets ကိုအတိုကောက်ခေါ်တာပါ။
* Html elements တွေ ဘယ်လို ဖေါ်ပြရမယ်ဆိုတာကို style သတ်မှတ်ပေးတာပါ။
* CSs ကိုexternal အဖြစ်သိမ်းဆည်းပြီး အသုံးပြုလေ့ရှိပါတယ်။
* external Css ဖိုင်ရဲ့ file extension မှာ .css ဖြစ်ပါတယ်။
ဆက်လက်ရေးပါမည်။