သင်သေသွားသော်
သြော် လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။
ဇော်ဂျီ(အိုးဝေမဂ္ဂဇင်း ၁၉၃၅)
ဒီကဗျာလေးကို ဖတ်ပြီး ကျွန်တော်တို့ရဲ့
မြန်မာလူငယ်များဆုံဆည်းရာဖိုရမ် ဝိုင်းတော်သူဝိုင်းတော်သားများ ရဲ့ စိတ်ထဲ မှာလည်း အခုလို ဖိုရမ်လေး ကို အကောင်အထည်ဖေါ်ခြင်းအားဖြင့် မိမိတို့ရဲ့မြေအတွက် တစ်ခုခု ချန်ထားရစ် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။